👉🏻💥 #ဝက်စ်ဟမ်းအသင်းရဲ့ ဆုံးမခြင်းကို ခံခဲ့ရတဲ့ #လီဗာပူးလ်အသင်း 💥👈🏻 မနေ့ညက ကစားခဲ့တဲ့ ၀က်စ်ဟမ်းအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ pressing game ကစားဟန်မှာ ဆရာတစ်ဆူဖြစ်တဲ့ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကို နည်းပြ မိုယက်စ် ကိုင်တွယ်နေတဲ့ ၀က်စ်ဟမ်းအသင်းက ကောင်းမွန်လှတဲ့ကောင်တာကစားပုံနဲ့ အတူ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရရှိသွားခဲ့ပြီး လီဗာပူးလ်အသင်းကို ဒီရာသီရဲ့ ပထမဆုံးရွုံးပြဲ ကြုံတွေ့စေခဲ့ပါတယ်။ပြီးခဲ့တဲ့ အပတ်ကလည်း အိမ်ကွင်းမှာ ဘရိုက်တန်နဲ့ ၂-၂ သေရက်ခဲ့တဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး အိမ်ရှင် ၀က်စ်ဟမ်းအသင်းကလည်း မန်ယူအသင်းလို ရေမြွေအသင်းမဟုတ်တာကြောင့် လျင်မြန်တဲ့ ကောင်တာတိုက်စစ်တွေနဲ့ ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့လို့ လီဗာပူးလ်အသင်းအခက်တွေ့ခဲ့ရတာပါ။အိမ်ရှင် ၀က်စ်ဟမ်းအသင်းအနေနဲ့ ဒီပြဲမွာ ပြဲအစ ၃ မိနစ်တည်းက ရရွိခဲ့တဲ့ ထောင့်ကန်ဘောကနေ လီဗာပူးလ္ဂိုးသမား အဲလစ်ဆွန် ဘောလုံးဖမ်းမှု မသေသပ်မှုကြောင့် OG ဂိုးရရှိခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာတော့ လီဗာပူးလ်ညာနောက်ခံလူ အာနိုးလ္က ဖရီးကစ္က တစ်ဆင့်လှလှပပ ချေပဂိုးသွင်းပေးခဲ့တာကြောင့် ပထမပိုင်းအပြီး ၁-၁ သရေကျနေခဲ့တာပါ။ဒုတိယပိုင်းမှာတော့ လီဗာပူးလ်အသင်းအနေနဲ့ အနိုင်ရလိုစောနဲ့ တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် ၀က်စ်ဟမ်းအသင်းရဲ့ ကောင်တာတိုက်စစ်က ပိုကြောက်ဖို့ ကောင်းနေခဲ့ပြီး ပွဲချိန် ၆၇ မိနစ်မှာ အိမ်ရှင်အသင်းက လျင်မြန်တဲ့ တန်ပြန်တိုက်စစ်နဲ့အတူ ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပြီး နောက်ထပ် ၁၀ မိနစ်အကြာမှာပဲ ထောင့်ကန်ဘောကတစ်ဆင့် ၀က်စ်ဟမ်းအသင်းနောက်ခံလူ ဇူးမားက ၃-၁ ဖြစ်စေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့ကာ လီဗာပူးလ်အသင်းအနေနဲ့ ပွဲချိန် ၈၃ မိနစ်မှာ ဒုတိယမြောက်ချေပဂိုး ရရှိခဲ့ပြီး လက်ကျန်ပွဲချိန်တွေမှာ သရေတစ်မှတ်ရဖို့ အစွမ်းကုန်ကြိုးစားခဲ့ကာ ပွဲပြီးဆုံးခါနီး နာကျင်အချိန်ပိုမှာ မာနေးရဲ့ ခေါင်းတိုက်ချက် လွဲချော်သွားခဲ့တာကလည်း လီဗာပူးလ်အသင်း သရေတစ်မှတ်ရဖို့ နစ်နာစေခဲ့တာပါ။ဒီနိုင်ပွဲကြောင့် နည်းပြမိုယက်စ်ရဲ့ ၀က်စ်ဟမ်းအသင်းအနေနဲ့ ပရီးမီးယားလိဂ် ၁၁ ပြဲ ကစားပြီးချိန်မှာ ၇ ပွဲနိုင် ၂ ပြဲသေရ ၂ ပြဲရွုံး ရလဒ်နဲ့ အမှတ်ပေးဇယားအဆင့် ၃ နေရာအထိ တက်လှမ်းနိုင်ခဲ့ကာ ဒုတိယေနရာက မန်စီးတီးအသင်းနဲ့ ရမွတ္တူအေနအထား ဇယားထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၃ မွတ္ကြာအေနအထားကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ #westham #liverpool #Creditလေးစားစွာဖြင့်

Share: