👉🏻💥 ပေါင်တံ ဒဏ်ရာကြောင့် ၈ ပတ်ကနေ ၁၀ ပတ်ဝန်းကျင်လောက် နားရဖွယ်ရှိနေတဲ့ #ပေါ့ဂ်ဘာ 💥👈🏻 ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ပြင်သစ်အသင်းနဲ့လေ့ကျင့်ခန်း အစီအစဉ်မှာရရှိခဲ့တဲ့ ပေါင်ဒဏ်ရာကြောင့် ၈ ပတ်ကနေ ၁၀ ပတ်ကြားလောက်နားရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာဟာ တနလာၤနေ့တုန်းက ဘောလုံးကန်သွင်းမှု လေ့ကျင့်ရာကနေ ဒဏ်ရာရရှိခဲ့တာဖြစ်ကာ ပြင်သစ်အသင်းရဲ့ ဆေးကုသမှု ခံယူခဲ့ရတာဖြစ်ပါတယ်။ဘောလုံးကန်သွင်းပြီးနောက် ပေါ့ဂ်ဘာတစ်ယောက် နာကျင်မှုတွေနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်ကနေ ထွက်ခွာခဲ့ရပါတယ်။ ပေါ့ဂ်ဘာဟာ ဒဏ်ရာကြောင့် ပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲလူစာရင်းကနေ နှုတ်ထွက်ခဲ့ပါတယ်။ ပြင်သစ်သတင်းဌာနတစ်ခုကတော့ ကနဦးဆေးစစ်မှုတွေအရ ပေါ့ဂ်ဘာရဲ့ဒဏ်ရာ အခြေအနေဟာ ပြင်းထန်တာကြောင့် ၈ ပတ်ကနေ ၁၀ ပတ်လောက်အထိနားရမယ်လို့ ဖော်ပြခဲ့ပါတယ်။အဆိုပါရလဒ်ကြောင့် ဆိုးလ်ရှားဟာ ဆောင်းရာသီရက်သတ္တပတ်ကို ပေါ့ဂ်ဘာမပါပဲ ဖြတ်သန်းရဖွယ်ရှိနေပါတယ်။ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ယူနိုက်တက်ဟာ ဝက်ဖို့ဒ်၊ ချဲလ်ဆီး ၊ အာဆင်နယ်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါ့အပြင် ချန်ပီယံလိဂ်မှာနောက်တစ်ဆင့်တက်နိုင်ဖို့အတွက် ဗီလာရီးရဲလ်အသင်းနဲ့ အဝေးကွင်း၊ ယန်းဘွိုင်းလ်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ လီဗာပူးကို ၅ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲတုန်းက အနီကတ်ပြသခံခဲ့ရကာ အဲ့နောက် မန်စီးတီးကို ၂ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ပွဲနဲ့ တော့တင်ဟမ်ကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ပွဲတွေကို လွဲချော်ခဲ့ပါတယ်။အသက် ၂၈ နှစ်သားဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေသေးတာဖြစ်ကာ ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ #pogba #Creditလေးစားစွာဖြင့်

Share: