👉🏻💥 ငယ်အသင်းမှာ တွဲကစားခဲ့တုန်းက သူနဲ့ #စမစ်ရိုရဲ့ ပုံကို ပြန်တင်ခဲ့တဲ့ #ဖိုဒန် 💥👈🏻 အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့် စမစ်ရိုကို အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီးနောက် မန်ချက်စတာစတာစီးတီးကြယ်ပွင့် ဖီးလ်ဖိုဒန်က သူနဲ့စမစ်ရိုကလေးဘဝက အင်္ဂလန်လူငယ်အသင်းမှာ တွဲကစားခဲ့တဲ့ ပုံလေးကို ပြန်တင်ခဲ့ပါတယ်။အင်္ဂလန်နည်းပြဂါရက်ဆောက်ဂိတ်ဟာ ဒဏ်ရာကြောင့် လူစာရင်းကနေ နှုတ်ထွက်သွားကြတဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ ဂျိမ်းစ်ဝက်ဒ်ပရောက်စ်တို့ရဲ့နေရာမှာ ဒီရာသီအာဆင်နယ်အသင်းအတွက် အထူးခြေစွမ်းပြနေတဲ့ စမစ်ရိုကို စီနီယာအသင်းကြီးမှာ ရွေးချယ်ခဲ့ပါတယ်။ ဖိုဒန်အတွက်တော့ သူ့ရဲ့ငယ်ဘ၀ အင်္ဂလန်အသင်းဖော်ကို အခုလိုမျိုး အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာပါ ပြန်လည်တွဲကစားခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ဖိုဒန်က စီနီယာအသင်းမှာ ရွေးချယ်ခံခဲ့ရတာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်ပြီး သူ့ရဲ့အင်္ဂလန်လက်ရွေးစင်အဆင့် ပွဲဦးထွက်ကိုတော့ နေးရှင်းလိဂ်ပွဲစဉ်ဖြစ်တဲ့ အိုက်စ်လန်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ စတင်ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ အခုလည်း ၂၁ နှစ်အရွယ် ကွင်းလယ်လူက ၂၀၁၅ ဝန်းကျင်လောက်က သူနဲ့စမစ်ရိုတို့ အင်္ဂလန်ယူ ၁၆ မှာ ပထမဆုံးအကြိမ် တွဲကစားခဲ့တုန်းက ပုံလေးကိုသူ့ရဲ့ဆိုရှယ်မီဒီယာချန်နယ်တွေမှာ တင်သွားခဲ့ပါတယ်။Facebook အကောင့်မှာဆိုရင်လည်း ငယ်ငယ်ကပုံအပြင် လက်ရှိအင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ပထမဆုံးထရိန်နင်အတွက် ကွင်းထဲကိုသွားနေရင်း စမစ်ရိုရဲ့ ပုခုံးကိုဖက်ပြီး အတူတူပျော်ရွှင်နေတဲ့ ဗီဒီယိုလေးကိုပါ တွဲပြီးတင်ထားခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ တရားဝင်တွစ်တာအကောင့်မှာလည်း အဲ့ဒီဗီဒီယိုကို တင်ထားပြီး ငယ်သူငယ်ချင်းနှစ်ယောက် အင်္ဂလန်စီနီယာအသင်းမှာ အတူတူ ပြန်ရွေးခံရတာကြောင့် ပျော်ရွှင်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။လက်ရှိနိုင်ငံပွဲစဉ်တွေအတွင်းမှာ ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ အယ်လ်ဘေးနီးယားနဲ့ ပွဲကို သောကြာနေ့မှာ ကစားရမှာဖြစ်ပြီး ဖိုဒန်နဲ့စမစ်ရိုတို့ ၂ ဦး တွဲကစားတာကို မြင်တွေ့ရဖွယ် ရှိနေပါတယ်။ အစက စမစ်ရိုကို အင်္ဂလန် ယူ ၂၁ အသင်းအတွက် ရွေးချယ်ထားတာဖြစ်ပေမယ့် စီနီယာအသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေကြောင့် ခုလိုစီနီယာအသင်းမှာ တိုးမြှင့်ကစားခွင့်ရရှိခဲ့ပါတယ်။စီနီယာအသင်းမှာ ရွေးချယ်ခံခဲ့ရပြီးနောက် စမစ်ရိုက ဒါက အိပ်မက်တွေ တကယ်ဖြစ်လာတာပါပဲ။ ကျွန်တော်ထင်တောင် မထင်ထားပါဘူး။ အစက ယူ ၂၁ အတွက် ကစားဖို့ကိုပဲ ပြင်ဆင်နေတာပါ၊ ယူ ၂၁ နဲ့ မပူးပေါင်းမီတစ်ရက်အလိုမှာ နည်းပြဂါရတ်ဆီက ဖုန်းဆက်လာပြီး ပထမအသင်းမှာ ကစားရမယ်လို့ ပြောခဲ့ပါတယ်။ ဒါက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် ဂုဏ်ယူစရာ အကောင်းဆုံး အချိန်ပါပဲ။ ပထမဆုံးထရိန်နင်မှာ အရမ်းစိတ်လှုပ်ရှားမိတယ်။ အမှန်အတိုင်းပြောရရင် အသင်းဖော်သစ်တွေနဲ့ လေ့ကျင့်ရတာကတော့ အမြဲခက်ခဲပါတယ်။ ဒီကစားသမားတွေနဲ့ အပတ်တိုင်း ပြိုင်ဘက်လို့ရင်ဆိုင် ကစားနေရပေမယ့် အင်္ဂလန်အသင်းမှာ ရောက်တော့ အားလုံးက ကွဲပြားသွားပါတယ်။ တဖြည်းဖြည်းနဲ့ အသားကျသွားပေမယ့် စိုးရိမ်စိတ်ကတော့ ရှိနေသေးတယ်။ တစ်ပတ်လောက်နေရင်တော့ ပိုပြီးအဆင်ပြေလာမယ်လို့ ထင်ပါတယ်လို့ ပြောခဲ့ပါတယ်။ဒီရာသီမှာ စမစ်ရိုဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲကစားပြီး သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။ #smithrowe #foden #Creditလေးစားစွာဖြင့်

Share: