ရော်နယ်ဒိုရခဲ့တဲ့ Ballond`or ၅ ဆု ဟာ အဆု ၅၀ နဲ့ညီမျှပါတယ့်လိုဆိုလာတဲ့ ဖရန့်လမ်းပတ် " FIFA က ရော်နယ်ဒို ကို မုန်းနေတယ်ဆိုတာတော့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပါတယ် ။ FIFA ရဲ့ လာဘ်စားတဲ့ ခေတ်တစ်လျှောက်လုံးမှာ ရော်နယ်ဒို ရွှေဘောလုံးဆု 5 ကြိမ် ဘယ်လိုရခဲ့သလဲဆိုတာတောင် မသိတော့ဘူး ၊ အဲ့မှာမြင်ရလောက်ကတော့ ရော်နယ်ဒို ရွှေဘောလုံး 5 ဆုရတာ အခု 50 ရခဲ့သလိုမျိုးပဲ ၊ သူတို့ပဲ စည်းမျဥ်းတွေချပြီးတော့ သူတို့ပဲ ​တစ်ယောက်တည်းကိုနည်းအမျိုးမျိုးနဲ့ (လီဝန်ကိုတစ်နှစ်တာအကောင်းဆုံးတိုက်စစ်မှုးဆုပေးတာကိုဆိုလို)အချိန်တိုင်း မျက်နှာသာတွေပေးနေတယ် ၊ ပြီးတော့ ဆုံးဖြတ်ချက်တွေတိုင်းကလဲ နှစ်တိုင်းကိုတစ်ယောက်တည်း အတွက်ပဲ ပြောင်းပြောင်းသွားတယ် ။အကယ်၍သာ မက်ဆီ နဲ့ လီဝန်ဒေါစကီး ရဲ့ ရလဒ် နဲ့ အောင်မြင်မှုတွေ 2020/21 အတွက် ချိန်းပြီးပေးမယ်ဆိုရင်တောင် သူတို့က မက်ဆီကိုသာကြံဖန်ပြီးရအောင်ပေးနေဦးမှာပဲ။ ကျွန်တော့အမြင်အရတော့ လီဝန်ဒေါစကီး အနေနဲ့ ရွှေဘောလုံးဆုနဲ့ထိုက်တန်တာ သံသယဖြစ်စရာတောင် မလိုဘူး ၊ ဒါပေမယ့် ဝမ်းနည်းစရာတစ်ခုကလာဘ်စားတဲ့ FIFA ကမ္ဘာကြီးထဲမှာနေနေရတာပါပဲ " ဖရန့် လမ်းပတ်(ချယ်ဆီးဂန္တဝင်ကစားသမား)🗣

Share: