မြန်မာဘောလုံးအကယ်ဒမီ (ပုသိမ်၊ ရန်ကုန်) အတွက် ကစားသမားရွေးချယ်ပွဲတွင် ကစားသမား ၂၅၀ ကျော် လာရောက်


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)က ဖွင့်လှစ်ထားသည့် မြန်မာဘောလုံးအကယ်ဒမီ (ပုသိမ်) နှင့် အမျိုးသားဘောလုံးအကယ် ဒမီ (ရန်ကုန်) အတွက် လူရွေးပွဲများပြုလုပ်ရာ ကစားသမား ၂၅၀ ကျော် လာရောက်ရွေး ချယ်ခံခဲ့ကြောင်း သိရသည်။ မြန်မာဘောလုံးအကယ်ဒမီ (ပုသိမ်) အတွက် လူရွေးပွဲကို မေ ၅၊ ၆၊ ၇ ရက်တွင် ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်း၊ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) အတွက် လူ ရွေးပွဲကို မေ ၈၊ ၉၊ ၁၀ ရက်တွင် သုဝဏ္ဏ ဘောလုံးကွင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ MFFသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် ကစားသမားများ ပြန်လည်ရွေးချယ် ခြင်းဖြစ်ပြီး အသက် ၁၁/၁၂ နှစ်အောက် (၂၀၁၀၊ ၂၀၁၁ ခုနှစ်ဖွား)၊ အသက် ၁၃ နှစ် အောက် (၂၀၀၉ ခုနှစ်ဖွား)၊ အသက် ၁၄ နှစ် အောက် (၂၀၀၈ ခုနှစ်ဖွား)၊ အသက် ၁၅ နှစ် အောက် (၂၀၀၇ ခုနှစ်ဖွား) ကစားသမားများ ရွေးချယ်ခြင်းဖြစ်သည်။ လာရောက်ရွေးချယ်ခံ မည့်သူများကို ဘောလုံးတော့ခြင်း၊ ဘောလုံး ပေးပို့ခြင်း၊ ဘောလုံးထိန်းသိမ်းခြင်း၊ ဘောလုံး လိမ်ခေါက်ဆွဲပြေးခြင်း၊ ဘောလုံးဆွဲပြေးခြင်း၊ ဘောလုံးကန်သွင်းခြင်း၊ ကွင်းငယ်ပွဲများ ကစားခြင်း၊ ကာယကြံ့ခိုင်မှု စစ်ဆေးခြင်း၊ ဘောလုံးနှင့်သက်ဆိုင်သည့် ဗဟုသုတစစ် ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) အတွက် လူရွေးပွဲကို မေ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်တွင် အကယ်ဒမီ လေ့ကျင့်ရေးကွင်း၌ ထပ်မံပြုလုပ်မည်ဖြစ်သည်။ ရွေးချယ်ခံရသူ များမှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အမီ အကယ်ဒမီကျောင်းများတွင် တက်ရောက် သင်ကြားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ အကယ်ဒမီကျောင်းများအနက် မန္တလေးကို ၂၀၁၁ ခုနှစ်၊ ပုသိမ်ကို ၂၀၁၃ ခုနှစ်၊ ရန်ကုန် ကို ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

Share: