အဆင့်(၆)နေရာအား မန်ယူကို ကျော်ဖြတ်ပြီး ရယူနိုင်မည်ဟု ယုံကြည်ကြောင်း အန်တိုနီယို ပြောကြား


ဝက်စ်ဟမ်းအသင်း၏ တိုက်စစ်မှူး အန်တိုနီယိုက မန်ယူအသင်းကို ကျော်ဖြတ်ပြီး အဆင့်(၆)နေရာရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ အန်တိုနီယို၏ ဝက်စ်ဟမ်းအသင်းသည် လက်ရှိအချိန်၌ မန်ယူ၏အောက် အဆင့်(၇) နေရာရောက်နေသော်လည်း (၃)မှတ်သာကွာပြီး တစ်ပွဲလျော့နေသည်။ ထို့ပြင် ဂိုးကွာခြားချက်၌ အသာရထားသည့်အတွက် လက်ကျန်နှစ်ပွဲစလုံးအနိုင်ရခဲ့ပါက မန်ယူကို ကျော်တက်နိုင်မည်ဖြစ်သည်။ အန်တိုနီယိုက "ကျွန်တော်တို့မှာ ယူရိုပါလိဂ် မျှော်လင့်ချက်ရှိနေတုန်းပါပဲ။ ဒီအတွက် မန်ယူကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။

Share: