ကော်တင်ဟိုကို အက်စတွန်ဗီလာအသင်း အပြီးသတ်စာချုပ် ချုပ်ဆို

အက်စတွန်ဗီလာအသင်းသည် ဘာစီလိုနာအသင်းထံမှ အငှားခေါ်ယူထားသည့် ဘရာဇီးလ်တိုက်စစ်ကစားသမား ကော်တင်ဟိုကို အပြီးသတ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ အက်စတွန်ဗီလာအသင်းသည် ကော်တင်ဟိုကို ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် အငှားဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ယင်းအတွက် ပြောင်းရွှေ့ကြေးကို အက်စတွန်ဗီလာအသင်းက ဖော်ပြခဲ့ခြင်းမရှိသော်လည်း ယူရိုသန်း(၂၀)ဝန်းကျင်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျရတ်က အသင်းအတွက် အလွန်ကောင်းမွန်သည့် အပြောင်းအရွှေ့လှုပ်ရှားမှုတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

Share: