စပါးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် ဟာရီဝင့်ခ်ကို ခေါ်ယူရန် အဲဗာတန် စီစဉ်
အဲဗာတန်အသင်းသည် စပါးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် အင်္ဂလန်ကွင်းလယ်လူ ဟာရီဝင့်ခ်အား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ အဲဗာတန်အသင်းသည် အငှားခေါ်ယူထားသည့် ဗန်ဒယ်ဘိခ်ကို လက်လွှတ်ခဲ့ရသလို၊ အသင်း ကွင်းလယ်လူ ဖာဘီယန်ဒဲ့လ်ဖ်မှာလည်း အသင်းမှထွက်ခွာဖွယ်ရှိနေရာ ၎င်းတို့ နေရာတွင်အစားထိုးရန် ဟာရီဝင့်ခ် ကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။ သို့သော် အဲဗာတန်အနေဖြင့် ဘတ်ဂျက်ကန့်သတ်ချက်ကြောင့် ဟာရီဝင့်ခ်ကို ဦးစွာအငှားဖြင့်ခေါ်ယူပြီးမှသာ အပြီးသတ်ခေါ်ယူနိုင်ဖွယ်ရှိကြောင်း Daily Mail က ဖော်ပြခဲ့သည်။

Share: