မန်စီးတီးမှာ မိမိဘဝတစ်လျှောက်လုံး အားပေးခဲ့သည့်အသင်းဟု ဟော်လန်း ဆို
မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ အပြောင်းအရွှေ့စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်သည့် နော်ဝေတိုက်စစ်မှူး ဟော်လန်းက မန်စီးတီးအသင်းမှာ မိမိဘဝတစ်လျှောက်လုံး အားပေးခဲ့သည့်အသင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ မန်စီးတီးအသင်းသည် ဟော်လန်းကို ဒေါ့မွန်အသင်းထံမှ လျော်ကြေးစာချုပ်ပေါင် (၅၁)သန်းဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး တနင်္လာနေ့က တရားဝင်စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ဇူ လိုင်(၁)ရက်တွင် စတင်လက်တွဲမည်ဖြစ်သည်။ မန်စီးတီးအသင်း၏ ဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်းက ''အာလင်း(ဟော်လန်း)ကို ကျွန်တော်တို့ နှစ်တွေအများကြီးစောင့်ကြည့်ခဲ့တာပါ။ ဒါကြောင့် မန်စီးတီးအသင်းဆီ ခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ အသင်းအတွက် အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ခေါ်ယူမှုတစ်ခုလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဟော်လန်းကို ပျော်ရွှင်စွာစောင့်ကြည့်ကြမှာ သေချာပါတယ်''ဟု ပြောကြားခဲ့သည်။ ဟော်လန်းကလည်း မန်စီးတီးအသင်းနှင့် စာချုပ်ချုပ်ဆိုပြီးနောက် ပြုလုပ်ခဲ့သည့် ပထမဆုံးအင်တာဗျူးအစီအစဉ်တွင် ''ကျွန်တော်က အင်္ဂလန်မှာ မွေးဖွားခဲ့သလို၊ မန်စီးတီးအသင်းကို ဘဝတစ်လျှောက်လုံး အားပေးခဲ့တာပါ။ မန်စီးတီးအသင်းရဲ့ပွဲတွေကိုလည်း အမြဲစောင့်ကြည့်ဖြစ်ပါတယ်။ ဒီအသင်းမှာ ကျွန်တော် ဂိုးတွေသွင်းချင်တယ်၊ ဆုဖလားတွေ ရယူချင်တယ်၊ ကစားသမားဘဝ တိုးတက်ချင်တယ်။ ရည်မှန်းချက်တွေ ပြည့်မြောက်ဖို့ မှန်ကန်တဲ့နေရာကို ရောက်လာတယ်လို့လည်း ယုံကြည်ပါတယ်''ဟု ဆိုခဲ့သည်။

Share: