လိဒ်စ်ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖီးလစ်ကို ပေါင်သန်း (၅၀) ဖြင့် ခေါ်ယူနိုင်မည်ဟု မန်စီးတီး ယုံကြည်နေ

မန်စီးတီးအသင်းသည် လိဒ်စ်ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖီးလစ်ကို ယခုနွေရာသီအပြောင်းအရွှေ့ကာလ တွင် ပေါင်သန်း(၅၀)ဖြင့် ခေါ်ယူနိုင်မည်ဟု ယုံကြည်နေကြောင်း The Athletic က ဖော်ပြခဲ့သည်။ အသက် (၂၆) နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်သည် လိဒ်စ်အသင်းနှင့် ၂၀၂၄ ခုနှစ်တွင်မှ စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း ယခုနွေတွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။ မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီကုန်တွင် အသင်းနှင့်လမ်းခွဲခဲ့သည့် ဖာနန်ဒင်ဟိုနေရာတွင် အစားထိုးရန် ကယ်လ်ဗင်ဖီးလစ်ကို အလိုရှိနေခြင်းဖြစ်ပြီး ၎င်းအတွက် ပေါင်သန်း (၅၀) အသုံးပြုသွားရန် အသင့်ရှိနေကြောင်း သိရှိရသည်။

Share: