■ ဖရန်ကီဒီယွန်းအတွက် မန်ယူအသင်း၏ ကမ်းလှမ်းမှုကို ဘာစီလိုနာ ပယ်ချ

ဘာစီလိုနာအသင်းသည် နယ်သာလန်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းအတွက် မန်ယူအသင်း၏ ပေါင်(၅၆) သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း သိရသည်။ ဒီယွန်းသည် မန်ယူနည်းပြသစ် တန်ဟက်ဂ် ခေါ်ယူလိုသည့် နံပါတ် (၁)ပစ်မှတ်ကစားသမားဖြစ်ပြီး မန်ယူအသင်းက ပေါင်(၅၁)သန်းဖြင့် ပထမအကြိမ်ကမ်းလှမ်းခဲ့ပြီးနောက် ယခုအခါ ပေါင်(၅၆)သန်းဖြင့် ဒုတိယအကြိမ် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ဘာစီလိုနာအသင်းက ဒီယွန်းကို ပေါင်(၆၅)သန်း ရရှိမှသာ ရောင်းထုတ်ရန် ရည်ရွယ်ထားသည့်အတွက် မန်ယူအသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အသက် (၂၅) နှစ်အရွယ်ရှိ ဖရန်ကီဒီယွန်းသည် ၂၀၁၉ တွင် အေဂျက်စ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပေါင် (၆၅) သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။ ၎င်းသည် ဘာစီလိုနာအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး အသင်းတွင် ပျော်ရွှင်နေကြောင်း ဝန်ခံထားသူ ဖြစ်သည်။

Share: