ဘာစီလိုနာနောက်ခံလူ လွန်းဂလတ်ကို ခေါ်ယူနိုင်ရန် စပါးအသင်း အရှိန်မြှင့်ကြိုးပမ်းနေ


စပါးအသင်းသည် ဘာစီလိုနာအသင်းမှ ပြင်သစ်နောက်ခံလူ လွန်းဂလတ်ကို ခေါ်ယူနိုင်ရန် အရှိန်မြှင့်ကြိုးပမ်းနေကြောင်း သိရသည်။ လွန်းဂလတ်ကို မော်ရင်ဟို၏ ရိုးမားအသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း လစာနှုန်းထားကြောင့် အခက်တွေ့နေသည်။ ထို့ကြောင့် စပါးအသင်းက ၎င်းင်းကို ခေါ်ယူနိုင်ရန် ပိုမိုအလားအလာကောင်းနေသလို၊ နည်းပြ ကွန်တီကလည်း အမြန်ဆုံးခေါ်ယူနိုင်ရန် ဆန္ဒရှိနေသည်။ လွန်းဂလတ်၏ အေးဂျင့်နှင့် ဆွေးနွေးညှိနှိုင်းဆဲဖြစ်သော်လည်း ယခုရက်သတ္တပတ်အတွင်း သဘောတူညီမှု ရရှိဖွယ်ရှိကြောင်း သိရသည်။

Share: