မန်ယူအသင်း၏ပစ်မှတ် လီဆန်ဒရိုမာတီနက်ဇ် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေ

မန်ယူအသင်း၏ ပစ်မှတ်ကစားသမားဖြစ်သူ လီဆန်ဒရိုမာတီနက်ဇ်သည် ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း အေဂျက်စ်အသင်းအား အသိပေးထားသည်ဟု Sky Sports သတင်းဌာနက ဖော်ပြသည်။ ၎င်းသည် အားလပ်ရက်အနားယူနေစဉ် ပြီးခဲ့သည့် အင်္ဂါနေ့က အမ်စတာဒမ်သို့သွားရောက်၍ အေဂျက်စ်အသင်းနှင့် အနာဂတ်အတွက် ဆွေးနွေးခဲ့ပြီး အာဆင်နယ်အသင်းကလည်း အပြိုင်ကမ်းလှမ်းထားကြောင်း သိရသည်။ မန်ယူအသင်းအနေဖြင့် ဖီယင်နုအသင်း၏ နယ်သာလန်ဘယ် နောက်ခံလူ မာလာစီယာ၏ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှုရရှိထားပြီး အေဂျက်စ်အသင်း၏ အာဂျင်တီးနားခံစစ်အတွင်းလူ လီဆန်ဒရိုမာတီနက်ဇ်နှင့် ဘာစီလိုနာအသင်း၏ နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီယွန်းတို့ကို ခေါ်ယူနိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။ မန်ယူအသင်းသည် မာလာစီယာအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းနှင့် Add-ons ကြေး ယူရိုနှစ်သန်း ပေးချေရမည်ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဆေးစစ်မှုပြုလုပ်၍ အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ဖွယ်ရှိသည်။ ထို့ပြင် လီဆန်ဒရို မာတီနက်ဇ်ကို ကနဦးပြောင်းရွှေ့ ကြေး ယူရို ၄၁ သန်းနှင့် Add-ons ကြေး ယူရိုလေးသန်း၊ ဒီယွန်းကိုကန ဦးပြောင်းရွှေ့ကြေး ယူရို ၆၅ သန်း နှင့် Add-ons ကြေး ယူရိုသန်း ၂၀ ဖြင့် ကမ်းလှမ်းထားကြောင်း သိရသည်။

Share: