ဂျာမန်မြေက ဒတ်ချ်ကြယ်တစ်စင်း (သို့မဟုတ်) ဖရင်းပေါင်

ပြီးခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ လေဗာကူဆင်အသင်းက ဒီရာသီရဲ့ ပထမဆုံးလိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့တယ်။ (၃)ပွဲဆက် ရှုံးပွဲတွေ့နေရာကနေ အဝေးကွင်းမှာ မိန့်ဇ်လို မာကျောတဲ့ပြိုင်ဘက်ကို ဂိုးပြတ်အနိုင်ယူပြီး ပြန်လာနိုင်ခဲ့တာကလည်း လေဗာကူဆင်အသင်းအတွက် တကယ်ကိုကျေနပ်စရာဖြစ်ခဲ့ပါတယ်။ အဲဒီပွဲမှာ လေဗာကူဆင် ညာနောက်ခံလူငယ်ကစားသမား ဖရင်းပေါင်က (၂)ဂိုးသွင်းခဲ့တယ်။ သူက မိန့်ဇ်နဲ့ပွဲမှာ Wing Back ပုံစံကစားသွားခဲ့ပြီး အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့တယ်။ ပွဲအပြီးမှာ အဲဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ဖရင်းပေါင်က "ကျွန်တော်တို့ ရလဒ်ဆိုးတွေကြားက ရုန်းထွက်ပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ လာမယ့်ပွဲစဉ်တွေမှာလည်း ကျွန်တော်တို့အနေနဲ့ လက်ရှိပုံစံကို ထိန်းထားဖို့လိုအပ်တယ်။ သွင်းဂိုးတွေနဲ့ အသင်းကို နိုင်ပွဲရအောင် ကူညီနိုင်ခဲ့လို့လည်း တကယ်ကိုပျော်ရွှင်မိပါတယ်" လို့ ဆိုခဲ့တယ်။

Share: