"PSG က ထိပ်ဆုံးအဆင့်မှာရှိနေဖို့ တကယ်ထိုက်တန်တဲ့အသင်းပါ"

PSG အသင်းက စပိန်ကွင်းလယ်လူ ဖာဘီယန်ရုဇ်ကို ယူရို (၂၁)သန်းနဲ့ခေါ်ယူခဲ့ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ရီးယဲလ်ဘက်တစ်အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်တဲ့ ဖာဘီယန်ရုဇ်က နာပိုလီအသင်းမှာ ၂၀၁၈ ကနေ ၂၀၂၂ ခုနှစ်အထိ ကစားခဲ့ပြီးပြိုင်ပွဲစုံ (၁၆၆)ပွဲမှာ သွင်းဂိုး (၂၂)ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု (၁၅)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိအပြောင်းအရွှေ့မှာ ကွင်းလယ်လူတွေဖြစ်တဲ့ ဟာရဲရား၊ ပါရေဒက်စ်တို့ကို လက်လွှတ်ထားရတဲ့ PSG အသင်းက ကွင်းလယ်ပိုင်းကို အဓိကအားဖြည့်နေပြီး ဖာဘီယန်ရုဇ်မတိုင်ခင်လည်း ပေါ်တူဂီကွင်းလယ်လူတွေဖြစ်တဲ့ ဗီတင်ညာနဲ့ ရီနာတိုဆန်းချက်စ်တို့ကို ခေါ် ယူထားပါတယ်။ PSG ကစားသမားသစ်ဖြစ်လာတဲ့ ဖာဘီယန်ရုဇ်ရဲ့ အင်တာဗျူးကို ဖော်ပြလိုက်ပါတယ်။

Share: