Ballon dအိပ်မက်ဖြစ်သည်ဟု PSG တိုက်စစ်မှူး ဘာပေဖွင့်ဟ'Or ဆုမှာ အလွန်ကြီးမြတ်သော ဆုတစ်ခုဖြစ်ပြီး မိမိ၏ ငယ်ဘဝ
PSG အသင်း၏ ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေက ဘောလုံးကမ္ဘာ၏ အမြင့်ဆုံးသောတစ်ဦးချင်း ဆုတံဆိပ်ဖြစ်သည့် Ballon d'Or ဆုမှာ အလွန်ကြီးမြတ်သော ဆုတစ်ခုဖြစ်ပြီး မိမိ၏ ငယ်ဘဝအိပ်မက်လည်းဖြစ်ကြောင်း ပြင်သစ်အားကစားသတင်းစာ France Football သို့ ဖြေကြားခဲ့သည်။ အသက် (၂၃)နှစ်အရွယ်ရှိ ဘာပေသည် မက်ဆီ၊ စီရော်နယ်လ်ဒိုအလွန်တွင် ဘောလုံးလောက၏ အကောင်းဆုံးသောဆုတံဆိပ်များစွာကို ပိုင်ဆိုင်မည့်သူအဖြစ် မျှော်လင့်ချက်များစွာထားရှိခဲ့သော်လည်း လက်တွေ့တွင်မူ Ballon d'Or ဆု၏ နောက်ဆုံးစကားတင် (၃)ဦးစာရင်းတွင်ပင် တစ်ကြိမ်တစ်ခါမှ ပါဝင်နိုင်ခဲ့ခြင်းမရှိသေးကြောင်း သိရသည်။ အသက် (၂၃)နှစ်အရွယ်ရှိ ဘာပေသည် ၂၀၂၂ ခုနှစ်အတွက်ထုတ်ပြန်ထားသည့် Ballon d'Or ဆုဆန်ခါတင် (၃၀)ဦးစာရင်းတွင် ပါဝင်နေသူဖြစ်ပြီး Ballon d'Or ဆုနှင့်ပတ်သက်သည့် ၎င်း၏ စိတ်ခံစားချက်များကို မီဒီယာများထံ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ဘာပေက ''ကျွန်တော်တို့အားလုံးဟာ ငယ်စဉ်ကတည်းက Ballon d'Or ဆုကို စိတ်ကူးထဲအကြိမ်ကြိမ်ပုံဖော်ခဲ့တာပါ။ ကျွန်တော်တို့ဟာ ကစားသမားကြီးတွေ ဆုပေးပွဲတက်ရောက်လာပုံကို မြင်ယောင်ပြီး တစ်နေ့မှာ ကျွန်တော်ကိုယ်တိုင် အဲဒီစင်မြင့်ပေါ် ဆုတက်ယူခွင့်ရဖို့ တွေးခဲ့ဖူးပါတယ်။ Ballon d'Or ဆုဟာ ကျွန်တော့်အတွက် ကလေးဘဝအိပ်မက်ဖြစ်ပြီး ကျွန်တော့်အနေနဲ့ ဆုဖလားအောင်ပွဲတွေအပြင် အခြားတစ်ဦးချင်းအောင်မြင်မှုများစွာကိုလည်း ရရှိနိုင်သေးတယ်ဆိုရင်တောင် ဒါ(Ballon d'Or )  ဟာအလွန်ကိုကြီးမြတ်တဲ့ အောင်မြင်ပွဲပါပဲ'' ဟု France Football သို့ဖြေကြားခဲ့သည်။ မိုနာကိုအသင်းအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်သူ ဘာပေသည် ၂၀၁၈ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကမ္ဘာ့ဒုတိယစံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သည့် ယူရို (၂၂၂)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး PSG အသင်းအတွက် (၆)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၂၂)ပွဲကစား ကာ (၁၇၆)ဂိုးအထိသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။ ထို့ပြင်ဘာပေ၏ PSG အသင်းဖော် မက်ဆီအနေဖြင့်လည်း နန့်စ်အသင်းအား (၃-၀)ဂိုးဖြင့်အနိုင်ရခဲ့သော ပြင်သစ်လီဂူးပွဲစဉ်တွင် အသင်းအတွက် ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်ပေးခဲ့ပြီးနောက် ကစားသမားဘဝ လီဂူးပြိုင်ပွဲ (၃၂)ပွဲကစားခဲ့ရာတွင် ဂိုးဖန်တီးမှုအကြိမ် (၂၀)ပြည့် မြောက်ခဲ့ပြီး၊ ဒီမာရီယာ (၃၁ ပွဲကစား၊ အကြိမ် ၂၀ ဂိုးဖန် တီး) အပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအကြိမ် (၂၀)ကို ဒုတိယအမြန်ဆုံးပြည့်မြောက်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ မက်ဆီသည် ပြီးခဲ့သည့်ရာသီ ပြင်သစ်လီဂူးပြိုင်ပွဲတွင် PSG အသင်းအတွက်ဂိုးဖန်တီး မှု (၁၄)ကြိမ်ပြုလုပ်ပေးခဲ့ပြီး ယခုရာသီတွင် (၆)ကြိမ်ထပ်မံပြုလုပ်ထားသည်။

Share: