မန်ယူပွဲအကြောင်း မေ့ပစ်လိုက်ရန် အသင်းဖော်များကို ဂျေးဇူး တိုက်တွန်း
အာဆင်နယ်အသင်း၏ တိုုက်စစ်မှူး ဂျေးဇူးက မန်ယူအား ရှုံးနိမ့်ခဲ့သည့်ပွဲအကြောင်း မေ့ပစ်လိုက်ရန် အသင်းဖော်များကို တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရာသီအစ (၅)ပွဲဆက်တိုက် အနိုင်ရခဲ့သော်လည်း မန်ယူနှင့် ဆုံတွေ့သည့်ပွဲ၌ (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ဂျေးဇူးက ''ဒီအရာက ပြီးသွားပါပြီ။ ဒီအကြောင်း တွေးနေဖို့ မလိုတော့ပါဘူး။ ဒီအရာကနေ သင်ယူပြီး ပိုကောင်းအောင် လုပ်ဆောင်သွားရမှာပါ။ ပိုမိုသန်မာတဲ့ပုံစံနဲ့ ပြန်လာနိုင်ဖို့ ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာကသာ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုလို့ ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။

Share: