ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ (ဒုတိယနေ့) ပွဲကြိုသုံးသပ်ချက်
အေဂျက်စ် - ရိန်းဂျားစ် (အင်္ဂါည ၁၁း၁၅ နာရီ) အေဂျက်စ်အသင်းက အဓိက ကစားသမားအချို့ ထွက် သွားတယ်။ ဒါပေမဲ့ အေဂျက်စ်ကနေ အဓိက ကစားသမားတွေ ထွက်သွားတယ်ဆိုတာက အရမ်းထူးဆန်းတဲ့ကိစ္စမဟုတ်သလို၊ သူတို့ ပုံစံကောင်းနဲ့အတူ ပြန်တုံ့ပြန်နိုင်ကြတာချည်းပဲ။ ရိန်း ဂျားစ်ကတော့ လက်တလော ပုံစံကောင်းပြသနေတဲ့ အသင်း ဖြစ်ပြီး အေဂျက်စ် ခက်ခက်ခဲခဲကစားရမယ့် ပြိုင်ဘက်လည်း ဖြစ်တယ်။ ဒါပေမဲ့နယ်သာလန်မြေမှာ ကစားရမှာဖြစ်လို့ အေ ဂျက်စ်ကိုပဲ ကြိုက်တယ်။ ဖရန့်ဖတ် - စပို့တင်းလစ္စဘွန်း (အင်္ဂါည ၁၁း၁၅ နာရီ) ဖရန့်ဖတ်အသင်းက မနှစ်က ယူရိုပါလိဂ်မှာ ခြေစွမ်းပြခဲ့ ပြီး ချန်ပီယံဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ ဒီလိုအလား အလာကို မမြင်ရဘူး။ လက်ရှိ ခြေစွမ်းနဲ့ ကစားသမားအင်အား ကို ကြည့်ရင် အရင်အသင်းနဲ့ သိပ်မကွာပေမဲ့ ဖရန့်ဖတ်လို အသင်းမျိုးတွေက အရမ်းယုံကြည်လို့မရတဲ့အသင်းမျိုးတွေ ဖြစ်တယ်။ အရည်အသွေးကို ပြသနိုင်တာက ပေါ်တူဂီအသင်း တွေဖြစ်ပြီး တစ်ဦးချင်းရော၊ အုပ်စုဖွဲ့ကစားပုံပါ ကောင်းတယ်။ စပို့တင်းလစ္စဘွန်းကို ကြိုက်တယ်။ နာပိုလီ - လီဗာပူးလ် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ) နာပိုလီက နောက်ဆုံးပွဲမှာတော့ လာဇီယိုအသင်းကို အ နိုင်ကစားခဲ့တယ်။ နာပိုလီရဲ့ ခြေစွမ်းကလည်း မဆိုးပါဘူး။ ဒါပေ မဲ့ စီးရီးအေအသင်းတွေကိုကြည့်ရင် ဂျူဗင်တပ်စ်၊ အင်တာမီ လန်၊ နာပိုလီတို့က အရင် (၃၊ ၄) နှစ်က အသင်းတွေကို မမီတော့ ဘူးဆိုတာ တွေ့ရတယ်။ လီဗာပူးလ်ကလည်း အရင်လောက်မ ကောင်းပေမဲ့ ချန်ပီယံလိဂ် Form ကိုတော့ တစ်ချက်ကြည့်ရ မယ်။ ပြီးတော့ လက်ရှိလူအင်အားကလည်း အားကောင်းနေ ဆဲ ပါ။ လီဗာပူးလ်ကိုပဲ ကြိုက်တယ်။ အက်သလက်တီကို - ပေါ်တို (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ) အက်သလက်တီကိုမက်ဒရစ်က တော်တော်လေး အား နည်းနေတယ်။ ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါ ပျက်စီးနေပြီး အက်သလက်တီကိုရဲ့ ခံစစ်ပုံစံကောင်းဆိုတာ အိပ်မက်လို ဖြစ် လာတယ်။ ပေါ်တိုအသင်းက ခက်ခဲတဲ့ ပြိုင်ဘက်အသင်းဆိုတာ အားလုံးသိပါတယ်။ အက်သလက်တီကို ခက်ခက်ခဲခဲ ကစားရ မယ်။ သရေကျနိုင်ပြီး နိုင်ရင်လည်းကပ်နိုင်ပဲ။ ကလပ်ဘရုဂေး - လေဗာကူဆင် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ) လေဗာကူဆင်က အထင်ကြီးလောက်စရာ ပုံစံကောင်း ကို ပြသနိုင်တဲ့အသင်းဖြစ်တယ်။ အသင်းလိုက် မာကျောသလို ဘောလုံးကိုင်ကစားပုံလည်းကောင်းတယ်။ Pressing လည်း ကောင်းကောင်းလုပ်နိုင်တဲ့အသင်းမျိုးဖြစ်တယ်။ ဘရုဂေးက ချန်ပီယံလိဂ်အတွေ့အကြုံရှိပေမဲ့ ခြေစွမ်းက သာမန်ပါပဲ။ လေ ဗာကူဆင်ကို ကြိုက်တယ်။ ဘာစီလိုနာ - ပယ်လ်ဇန် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ) ဘာစီလိုနာအသင်းက အားကောင်းတဲ့အသင်း၊ အား ကောင်းတဲ့ ပုံစံဖြစ်တယ်။ လီဝန်ဒေါစကီး ဦးဆောင်နေတဲ့တိုက် စစ်က ဂိုးတွေ ခပ်လွယ်လွယ်ပဲ သွင်းနိုင်တာကိုလည်း တွေ့ရ တယ်။ အသင်းလိုက် ခြေစွမ်းကောင်းမွန်သလို ပွဲအများစုမှာ စိုးမိုးပြီး ကစားနိုင်တာကိုလည်း တွေ့ရတယ်။ ဘာစီလိုနာ အ နိုင်သေချာတဲ့ပွဲပါ။ အင်တာမီလန် - ဘိုင်ယန်မြူးနစ် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ) လာဇီယိုကို ရှုံး၊ အေစီမီလန်ကို ရှုံးတဲ့ စီးရီးအေပွဲစဉ်တွေကို ကြည့်ရင် အင်တာမီလန်က အနောက်ကို ပြန်သွားနေပြီဆို တာ သိနိုင်တယ်။ တိုက်စစ်၊ ကွင်းလယ်နဲ့ ခံစစ် နေရာစုံမှာ အားနည်းနေတယ်။ လော်တာရိုမာတီနက်ဇ်၊ လူကာကူတို့ ဦးဆောင် နေတဲ့ တိုက်စစ်က ထိပ်တန်းအဆင့်ပွဲစဉ်တွေအတွက် အဆင်သင့်လို့ပြောလို့ရပေမဲ့ ကွင်းလယ်ပံ့ပိုးမှုက သာမန်အဆင့်ပဲ ရှိတယ်။ ဘိုင်ယန်မြူးနစ်လိုအသင်းမျိုးကို အင်တာမီလန် ရင်ဆိုင်ဖို့အရမ်းခက်ပါတယ်။ နာဂယ်စ်မန်းရဲ့ ၄-၂-၂-၂ က နောက် ထပ် Level တစ်ခုကို ရောက်နေပြီဖြစ်ပြီး ပေါက်ကွဲအားကောင်းသလို၊ ဂိုးသွင်းနှုန်းလည်းမြင့်တယ်။ တစ်ပွဲပျမ်းမျှ (၄) ဂိုး လောက်သွင်းနေတဲ့အသင်းဖြစ်ပြီး မီလန်မြေမှာ အင်တာမီလန်ကို နိုင်ဖို့လည်း မခက်ပါဘူး။ စပါး - မာဆေးလ် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ) ပွဲကောင်းတစ်ပွဲလို့ ပြောရမယ်။ မာဆေးလ်အသင်းက လည်း ကစားသမားကောင်းတွေ ခေါ်ယူအားဖြည့်ထားပြီး တောင့် တင်းတဲ့အသင်းကောင်းတစ်သင်းဖြစ်တယ်။ ဒါပေမဲ့ စပါးအ သင်းကလည်း ကွန်တီနဲ့အတူ ရလဒ်ကောင်းတွေ ယူနေတယ်။ ခြေစွမ်းတိုးတက်လာပြီး၊ စိတ်ဓာတ်ကတော့ အကောင်းဆုံးအ နေအထားမှာ ရှိတယ်။ စပါးကို ကြိုက်တယ်။

Share: