ပင်သစ်လီဂူးပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်PSG - ဘရက်စ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၀ ရက် ည ၉:၃၀ နာရီ) PSG ရဲ့လက်ရှိတိုက်စစ်စွမ်းနဲ့ ရလဒ်ပိုင်းကို ပါရီမြေမှာ ဘရက်စ်တို့ ဘယ်လိုမှတောင့်ခံဖို့မဖြစ်နိုင်ပါဘူး။ ကြားရက်မှာ ချန်ပီယံလိဂ်ကစားခဲ့ရပေမဲ့ PSG အသင်းအတွက် ခက်ခဲတဲ့ အခြေအနေမဟုတ်တာသေချာပါတယ်။ PSG ဂိုးပြတ်နိုင်မယ်။ မာဆေးလ် - လိုင်လီ (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၁ ရက် နံနက် ၁:၃၀ နာရီ) ဒီရာသီမှာရှုံးပွဲမရှိသေးဘဲ နောက်ဆုံး (၄)ပွဲဆက်အနိုင် ရလဒ်နဲ့အတူ မာဆေးလ်တို့ PSG နဲ့အမှတ်တူအခြေအနေအထိ ဖြစ်နေပါတယ်။ မာဆေးလ်ရဲ့လက်ရှိခြေစွမ်းက ယုံကြည်မှုမြင့်မားနေပြီး ခံစစ်ပိုင်းကစားပုံက ကျစ်လျစ်သိပ်သည်းမှုပိုရှိလာ တာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ကြားရက်မှာ စပါးအသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲကျပ်ကစားခဲ့ရလို့ မာဆေးလ်တို့ဒီပွဲမှာ အ ကောင်းဆုံးပုံစံဆက်ပြနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ လိုင်လီကလည်း အဝေးကွင်းဆို ကစားအား ပိုကောင်းလေ့ရှိတဲ့အသင်းဖြစ်လို့လည်း မာဆေးလ်အတွက် အခက်တွေ့စေပါလိမ့်မယ်။ သရေဆိုတာမျှတတဲ့ရလဒ်ပါပဲ။

Share: