မိမိတို့အသင်း ပိုတိုးတက်လာမည်ဟု အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ပြောကြား
အက်သလက်တီကိုနည်းပြ ဆီမြွန်နီက မိမိတို့အသင်းအနေဖြင့် ရာသီအစတွင် ရလဒ်များမတည်ငြိမ်သေးသော်လည်း ပိုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အက်သလက်တီကိုအသင်းသည် လာလီဂါပွဲစဉ် (၄) အပြီးတွင် (၂) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၁) ပွဲရှုံး ရမှတ် (၇)မှတ်ဖြင့် အဆင့် (၇) နေရာ၌ ရပ်တည်နေသည်။ ဆီမြွန်နီက "ကျွန်တော်တို့ အကောင်းဆုံးကြိုးစားနေပါတယ်။ အသင်းရဲ့ဟန်ချက်က ပိုကောင်းလာပြီး ကစားပုံကလည်း ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းလာပါတယ်။ အသင်းကစားသမားတွေအနေနဲ့ အချင်းချင်းကူညီဖို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။

Share: