စီရော်နယ်လ်ဒိုကို ခေါ်ယူလိုသည်ဟု ဆော်ဒီ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြောကြား
ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အယ်လ်မီဆီဟယ်လ်က မန်ယူအသင်းမှ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ဆော်ဒီလိဂ်သို့ ခေါ်ယူလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ စီရော်နယ်လ်ဒိုသည် မန်ယူအသင်းမှ ထွက်ခွာလိုကြောင်း တရားဝင်တောင်းဆိုခဲ့သူဖြစ်ပြီး မန်ယူအသင်းက ထွက်ခွာခွင့်မပြုခဲ့သော်လည်း ဦးစားပေးကစားသမားအဖြစ် အသုံးပြုခြင်းမရှိပေ။ ထို့ကြောင့် လာမည့်ဇန်နဝါရီတွင် အပြောင်းအရွှေ့ဖြစ်လာဖွယ်ရှိကြောင်း ထင်ကြေးပေးနေချိန်၌ အယ်လ်မီဆီဟယ်လ်က '' ဆော်ဒီလိဂ်မှာ စီရော်နယ်လ်ဒို ကစားတာကို ကျွန်တော်တို့ မြင်တွေ့ချင်ပါတယ်။ စီရော်နယ်လ်ဒိုဆိုတာ ဘယ်လိုစံချိန်ဆုလာဘ်တွေ ရယူထားတဲ့ ကစားသမားလဲဆိုတာ အားလုံးသိကြသလို၊ ကြီးကျယ်ခမ်းနားတဲ့ စံပြကစားသမားလည်းဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ အကုန်အကျအလွန်များမှာဖြစ်ပေမဲ့ ကျွန်တော်တို့ကလပ်တွေရဲ့ ဝင်ငွေကလည်း မြင့်တက်နေပါတယ်''ဟု ဆိုခဲ့သည်။

Share: