ဘရိုက်တန်အသင်း၏နည်းပြသစ်ဖြစ်လာရန် ဘိုဒယ်ဂလင့်နည်းပြ နပ်ဆန် ရေပန်းစားနေ
ဘရိုက်တန်အသင်းသည် ဂရေဟမ်ပေါ်တာကို ချယ်လ်ဆီးအသင်းထံ ထွက်ခွာခွင့်ပြုခဲ့ရပြီးနောက် နည်းပြသစ်ရှာဖွေလျက်ရှိရာ နော်ဝေကလပ် ဘိုဒယ်ဂလင့်အသင်း၏နည်းပြ နပ်ဆန်က ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။ နပ်ဆန် (၅၃ နှစ်)သည် နော်ဝေလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးနည်းပြဆုကို (၃)နှစ်ဆက်တိုက် ရယူနိုင်ခဲ့သူဖြစ်ပြီး မော်ရင်ဟို၏အသင်းကို (၆)ဂိုးသွင်းနိုင်သည့် ပထမဆုံးနည်းပြအဖြစ်လည်း လူသိများခဲ့သည်။ ထို့ကြောင့် ဘရိုက်တန်အသင်းတာဝန်ရှိသူများက ၎င်းင်းကို မျက်စိကျနေခြင်းဖြစ်ပြီး ယခုအခါ (၅း၁)လေးဖြင့် ရေပန်းအစားဆုံးဖြစ်နေခြင်းဖြစ်သည်။ ၎င်း၏နောက်တွင် စတိဗ်ကူးပါး(နော်တင်ဟမ်ဖောရက်စ်)၊ ပိုစတက်ကိုဂလူး(ဆဲလ်တစ်)တို့လည်း ရေပန်းစားနေကြောင်း သိရသည်။

Share: