ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်
အေစီမီလန် - ဒိုင်နမိုဇာဂရက် (ဗုဒ္ဓဟူးည ၁၁း၁၅ နာရီ) အေစီမီလန်အသင်းက အဖွင့်ပွဲစဉ်မှာ ဆာလ်ဇ်ဘာ့ဂ်အ သင်းကို သရေကျခဲ့ပြီး ဒိုင်နမိုဇာဂရက်ကတော့ အုပ်စုတွင်း ခေါင်အသင်းဖြစ်တဲ့ ချယ်လ်ဆီးကို အံ့အားသင့်ဖွယ်အနိုင်ရခဲ့ တယ်။ လက်ရှိအနေအထားအရဆိုရင် အေစီမီလန်က ပိုကောင်း တာ ငြင်းလို့မရပေမဲ့ ဒိုင်နမိုဇာဂရက်ရဲ့ စိတ်ဓာတ်ပိုင်း အမြင့် ဆုံးရောက်နေသလို ခြေစွမ်းလည်းမဆိုးပါဘူး။ ဒါပေမဲ့ အီတလီ မြေမှာ အေစီမီလန်ကို ယှဉ်ကစားဖို့ခက်ပါတယ်။ အေစီမီလန် ပဲ နိုင်လိမ့်မယ်။ ရှက်တာဒိုးနတ် - ဆဲလ်တစ် (ဗုဒ္ဓဟူးည ၁၁း၁၅ နာရီ) ရှက်တာဒိုးနက်ကို အသင်းရဲ့ ကွင်းပြင်ပအခြေအနေ တွေကြောင့် လျှော့ထွက်ထားကြပေမဲ့ ဒီအသင်းက ခြေစွမ်းပိုင်း၊ စိတ်ဓာတ်ပိုင်းမာကျောပြီး အားကောင်းနေဆဲဆိုတာကို လိုက်ပ် ဇစ်နဲ့ပွဲမှာ သက်သေပြခဲ့တယ်။ ဒီပွဲက အိမ်ကွင်းပွဲဆိုပေမဲ့ ပိုလန် မြေမှာ သွားကစားမှာပါ။ ဒါပေမဲ့ အခုတောင် ဝါဆောပရိသတ် တွေက ရှက်တာဒိုးနက်ဖြစ်ဖြစ်၊ အခြားအသင်းဖြစ်ဖြစ် ယူက ရိန်းကလပ်၊ ငါတို့ကလပ်ဆိုပြီး ေ<ကးကြော်နေကြတယ်။ အား ပေးဖို့အသင့်ရှိတယ်။ ရှက်တာပဲ နိုင်ပါလိမ့်မယ်။ ရိန်းဂျားစ် - နာပိုလီ (ကြာသပတေးနံနက် ၁း၃၀ နာရီ) ရိန်းဂျားစ်က အေဂျက်စ်ကို ရှုံးထားပြီး နာပိုလီက လီဗာ ပူးလ်ကို ဂိုးပြတ်နိုင်ထားတယ်။ နာပိုလီအသင်းအနေနဲ့ ဒီပွဲမှာ အခွင့်အရေးကို အပြည့်အဝအသုံးချနိုင်ရင် အေဂျက်စ်နဲ့ လီဗာ ပူးလ်ပွဲက ဘယ်လိုရလဒ်ထွက်ထွက် သူတို့အတွက် ကျေနပ်စ ရာဖြစ်လိမ့်မယ်။ ရိန်းဂျားစ်က အိမ်ကွင်းမာသလို အဝေးကွင်းမှာ ရှုံးခဲ့တာဆိုပေမဲ့ (၄-ဝ)ဆိုတဲ့ရလဒ်ကတော့ ဆိုးပါတယ်။ နာ ပိုလီကိုပဲ ကြိုက်တယ်။ ချယ်လ်ဆီး - ဆာလ်ဇ်ဘာ့ဂ် (ကြာသပတေးနံနက် ၁း၃၀ နာရီ) ချယ်လ်ဆီးအသင်းအတွက် မဖြစ်မနေနိုင်ပွဲရှာရမယ့်ပွဲ ဖြစ်တယ်။ ချယ်လ်ဆီးနည်းပြသစ် ဂရေဟမ်ပေါ်တာရဲ့ ပထမ ဆုံး ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပြီး အိမ်ကွင်းပွဲစဉ်လည်းဖြစ်နေတယ်။ အိမ်ကွင်းမှာ နိုင်ပွဲရဖို့အတွက် အသည်းအသန်ကြိုးစားလိမ့် မယ်။ ဆာလ်ဇ်ဘာ့ဂ်က အိမ်ကွင်းကောင်းပေမဲ့ အဝေးကွင်းမှာ တော့ သိပ်မစွံပါဘူး။ ချယ်လ်ဆီး အနိုင်သေချာတယ်။ ရီးယဲလ်မက်ဒရစ် - လိုက်ပ်ဇစ် (ကြာသပတေးနံနက် ၁း၃၀ နာရီ) ရီးယဲလ်မက်ဒရစ်က အဖွင့်ပွဲမှာ နိုင်ပွဲရထားပြီး လိုက်ပ် ဇစ်ကတော့ အိမ်ကွင်းအဖွင့်ပွဲစဉ်မှာ စိတ်ပျက်စရာရလဒ်နဲ့ ကြုံ တွေ့ခဲ့ရတယ်။ ဒီအုပ်စုမှာ အသင်းတိုင်းလိုလိုက အားကောင်း ပါတယ်။ လိုက်ပ်ဇ်က ရှက်တာဒိုးနက်ကို ရှုံးထားပြီးဖြစ်လို့ ရီး ယဲလ်ကို ထပ်ရှုံးရင် အခြေအနေဆိုးသွားနိုင်တယ်။ ရီးယဲလ်က အဝေးကွင်းမှာ အနိုင်ရထားပြီး ဒီပွဲမှာတော့ အိမ်ကွင်းပွဲကို စတင် ကစားမှာပါ။ လက်ရှိအခြေအနေအရ ရီးယဲလ်မက်ဒရစ် အနိုင် ရဖို့ မခက်တဲ့ပွဲလို့ပဲ ပြောရမယ်။ မန်စီးတီး - ဒေါ့မွန် (ကြာသပတေးနံနက် ၁း၃၀ နာရီ) လီဝန်ဒေါစကီးနဲ့ ဘိုင်ယန်မြူးနစ်တို့ ထိပ်တိုက်ပြန်ဆုံတွေ့နေသလို ဟော်လန်းကလည်း မန်စီးတီးအသင်းနဲ့အတူ အ သင်းဟောင်း ဒေါ့မွန်ကို ပြန်လည်ရင်ဆိုင်ရလိမ့်မယ်။ အုပ်စုအဖွင့်ပွဲမှာတုန်းက (၂)ဂိုးသွင်းခဲ့တဲ့ ဟော်လန်းအတွက် အခု အိမ် ကွင်းပွဲမှာ အသင်းဟောင်းကို ဂိုးသွင်းနိုင်ဖို့လည်း အရမ်းခက်ခဲနေမှာတော့ မဟုတ်ဘူး။ မန်စီးတီးအသင်းရဲ့ကွင်းလယ်က ဒေါ့ မွန်အသင်းကို စိုးမိုးထားမှာဖြစ်သလို ဒေါ့မွန်အသင်းရဲ့ ခံစစ်ပိုင်းကိုလည်း မန်စီးတီးတိုက်စစ်က ထိုးဖောက်ဖို့ အရမ်းမခက်ခဲ နိုင်ဘူး။ မန်စီးတီး အိမ်ကွင်းဖြစ်နေလို့ ဒေါ့မွန်အသင်းကို အနိုင်ကစားပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းကို ဖန်တီး ပါလိမ့်မယ်။ (၃-၁)လောက်ဖြစ်မယ်။ ကိုပင်ဟေဂင် - ဆီဗီလာ (ကြာသပတေးနံနက် ၁း၃၀ နာရီ) ဆီဗီလာက မန်စီးတီးကို ဂိုးပြတ်ရှုံးခဲ့သလို၊ ကိုပင်ဟေဂင် ကလည်း ဒေါ့မွန်ကို ဂိုးပြတ်ရှုံးခဲ့တယ်။ ဒီနှစ်သင်းထဲမှာ ဆီဗီလာ က အုပ်စုဒုတိနေရာကို မျှော်နိုင်တဲ့အသင်းဖြစ်ပြီး မန်စီးတီးကို ရှုံးခဲ့တာက သိပ်တော့ဝေဖန်စရာမရှိဘူး။ ကိုပင်ဟေဂင်ကတော့ တကယ်ကိုအားနည်းတာပါ။ အိမ်ကွင်းဆိုပေမဲ့ ဆီဗီလာကို မ ယှဉ်နိုင်လောက်ပါဘူး။ ဆီဗီလာ နိုင်ပွဲရပါလိမ့်မယ်။ ဂျူဗင်တပ်စ် - ဘင်ဖီကာ (ကြာသပတေးနံနက် ၁း၃၀ နာရီ) ဂျူဗင်တပ်စ်က PSG အသင်းကို ရှုံးခဲ့တဲ့ပွဲမှာ ကစားပုံ မဆိုးပါဘူး။ ဒါပေမဲ့ ဂျူဗင်တစ်ကိုကြည့်ရတာ ဖန်တီးမှုအပိုင်း က တော်တော်လေးအားနည်းပါတယ်။ ကွင်းလယ်လူတွေက အားနည်းသလို တိုက်စစ်မှူးတွေကလည်း တောင်ပံကလာတဲ့ ဘောလုံးကို မျှော်ကစားတတ်သူတွေဖြစ်တယ်။ အိမ်ကွင်းမှာ တော့ ကပ်နိုင်ရုံလောက်နဲ့ ပြီးသွားမယ်ထင်တယ်။ မက္ကာဘီဟိုင်ဖာ - PSG (ကြာသပတေးနံနက် ၁း၃၀ နာရီ) မက္ကဘီဟိုင်ဖာအတွက်တော့ မက်ဆီ၊ နေမာ၊ အမ်ဘာပေ တို့လို ကစားသမားတွေကို အိမ်ကွင်းမှာ ခေါ်ကစားခွင့်ရရုံနဲ့တင် ကျေနပ်စရာဖြစ်နေပါပြီ။ အတတ်နိုင်ဆုံး ကြိုးစားမယ်၊ အားထုတ် မယ်။ ပြီးရင်တော့ ဂိုးတွေပေးလိုက်ရမှာပဲ။ PSG က ဒီအဆင့်မှာ တားဆီးနိုင်မယ့်အသင်း မရှိပါဘူး။ အဝေးကွင်းဆိုပေမဲ့ PSG ပဲ အလွယ်တကူနိုင်ပွဲယူသွားလိမ့်မယ်။

Share: