မြန်မာ့လက်ရွေးစင်အသင်း၏ နိုင်ငံတကာခြေစမ်းပွဲကြောင့် MNL ပြိုင်ပွဲ ပွဲစဉ်(၁၂၊ ၁၃) မှ စုစုပေါင်း(၈) ပွဲ ရွှေ့ဆိုင်းမည်
စက်တင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်း၏ နိုင်ငံတကာခြေစမ်းပွဲကြောင့် စက်တင်ဘာ(၁၇) ရက်မှ (၂၉) ရက်အတွင်း ပြုလုပ်ရန် စီစဉ်ထားသည့် ၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁၂၊ ၁၃) မှ စုစုပေါင်း (၈) ပွဲ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။ ပွဲစဉ် (၁၂၊ ၁၃) တွင်ကျင်းပမည့် (၁၀)ပွဲ အနက် (၂) ပွဲသာ ပုံမှန်အတိုင်းကျင်းပမည်ဖြစ်ပြီး ကျန်(၈) ပွဲကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ ပွဲစဉ်(၁၂) မှ မဟာယူနိုက်တက်နှင့် ဟံသာဝတီပွဲကို စက်တင် ဘာ(၁၉) ရက်၊ ပွဲစဉ်(၁၃) မှ မဟာယူနိုက်တက်နှင့် GFA ပွဲကို စက်တင်ဘာ(၂၄) ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်(၁၂) မှ GFA နှင့် ရှမ်းယူနိုက်တက်၊ ရတနာပုံနှင့် ရန်ကုန်၊ အား/ကာသိပ္ပံနှင့် မြဝတီ၊ ရခိုင်နှင့် ဧရာဝတီ၊ ပွဲစဉ်(၁၃) မှ ရတနာပုံနှင့် ဟံသာဝတီ၊ ရှမ်းယူနိုက်တက်နှင့် အား/ကာသိပ္ပံ၊ ရခိုင်နှင့် မြဝတီ၊ ရန်ကုန်နှင့် ဧရာဝတီ ပွဲတို့ကို ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။ ပွဲစဉ်(၁၂၊ ၁၃) ရွှေ့ဆိုင်းမှုကြောင့် ယခု ရာသီMNL အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးမည့်ကာလမှာလည်း နောက်ကျမည်ဖြစ်ပြီး ယခင်က နိုဝင်ဘာ (၆) ရက်တွင် ပြီးဆုံးမည်ဖြစ်သော်လည်း ပွဲစဉ် အသစ်အရ နိုဝင်ဘာ (၁၆)ရက်မှ ပြီးဆုံးမည်ဖြစ်သည်။ ရွှေ့ဆိုင်းထားသည့် ပွဲစဉ်(၁၂) ကို နိုဝင်ဘာ (၆) ရက်မှ (၉) ရက်၊ ပွဲစဉ် (၁၃)ကို နိုဝင်ဘာ(၁၂) ရက်မှ (၁၆) ရက်အထိ ပြန်လည်ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်(၁၂) မှ  နှင့် ရှမ်းယူနိုက်တက်ပွဲကို နိုဝင်ဘာ (၆) ရက်၊ ရတနာပုံနှင့် ရန်ကုန်ပွဲကို နိုဝင် ဘာ(၇)ရက်၊ အား/ကာသိပ္ပံနှင့် မြဝတီပွဲကို နိုဝင်ဘာ (၈) ရက်၊ ရခိုင်နှင့် ဧရာဝတီပွဲကို နိုဝင်ဘာ(၉) ရက်၊ ပွဲစဉ် (၁၃) မှ ရတနာပုံနှင့် ဟံသာဝတီပွဲကို နိုဝင်ဘာ (၁၂) ရက်၊ ရှမ်းယူနိုက်တက်နှင့် အား /ကာသိပ္ပံပွဲကို နိုဝင်ဘာ(၁၃) ရက်၊ ရခိုင်နှင့် မြဝတီပွဲကို နိုဝင်ဘာ (၁၅) ရက်၊ ရန်ကုန်နှင့် ဧရာဝတီပွဲကို နိုဝင်ဘာ(၁၆) ရက်တွင် ကျင်းပမည်ဖြစ်သည်။ ၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပြီးဆုံး မည့်ကာလ နောက်ကျမည်ဖြစ်သောကြောင့် မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် AFF Cup 2022 ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် တစ်လဝန်းကျင်သာရရှိမည်ဖြစ်ပြီး အစောဆုံး နိုဝင်ဘာ (၁၇)ရက်မှသာ စတင်လေ့ကျင့်နိုင်မည်ဖြစ်သည်။ AFF Cup 2022 ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ(၂၀) ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၁၆)ရက်အထိ ကျင်းပမည် ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုပထမ ပွဲကို ဒီဇင်ဘာ (၂၁)ရက်တွင် မလေးရှားအသင်း နှင့် အိမ်ကွင်းလက်ခံကစားရမည်ဖြစ်သည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် ယခုလအတွင်း နိုင်ငံ တကာခြေစမ်းပွဲကစားရန် ဆုံးဖြတ်ခဲ့သဖြင်AFF Cup ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် တစ်ပတ်ဝန်းကျင် နည်းပါးသွားခြင်းဖြစ်သည်။ ၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို လက်ရှိကျင်းပနေသည့် ပွဲစဉ်(၁၁) အပြီးတွင် နှစ် ပတ်ကြာရပ်နားမည်ဖြစ်ပြီး စက်တင်ဘာလလယ် နောက်ပိုင်း (၂) ပွဲသာ ပြုလုပ်မည် ဖြစ်သည်။ MNL ပြိုင်ပွဲ ပွဲစဉ်(၁၄) ကို အောက်တိုဘာ(၁) ရက်တွင် ပုံမှန်အတိုင်း ပြန်လည်ကျင်းပမည်ဖြစ်ပြီး လက် ကျန်ပွဲများကို တစ်ပတ်လျှင် (၅)ပွဲနှုန်းဖြင့် ပုံမှန် အတိုင်း ပြုလုပ်သွားမည်ဖြစ်သည်။

Share: