ဥရောပထိပ်တန်းအသင်းအချို့ စိတ်ဝင်စားနေသည့် ဇာနီယိုလိုကို တစ်ရာသီယူရို (၃ .၅)သန်းဖြင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးရန် ရိုးမား စီစဉ်

ရိုးမားအသင်းသည် တိုက်စစ်ကစားသမား ဇာနီယိုလိုကို တစ်ရာသီ ယူရို (၃ .၅)သန်းဖြင့် လစာတိုးပေး၍ လာမည့် ၂၀၂၇ ခုနှစ်အထိ စာချူပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရသည်။ ဇာနီယိုိလိုနှင့် ရိုးမားအသင်းတို့ ကြား လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း ဥရောပထိပ်တန်းအသင်းအချို့ စိတ်ဝင်စားနေသည့် ဇာနီယိုလိုကို ရိုးမားအသင်းတာဝန်ရှိသူများက စာချုပ်သက်တမ်းတိုးရန် ဆန္ဒပြင်းပြနေခြင်း ဖြစ်သည်။ ဇာနီယိုလိုကိုယ်တိုင်ကလည်း ရိုးမားအသင်းနှင့် နှစ်ရှည်စာ ချုပ်ချုပ်ဆိုရန် လိုလားနေပြီး ရိုးမား အသင်း၏အဓိကကစားသမားတစ်ဦး ဖြစ်လာရန် ရည်ရွယ်ထားကြောင်း သိရသည်။ လာမည့်စက်တင်ဘာလ နှောင်းပိုင်းတွင် စာချုပ်သက်တမ်းတိုးရန်ကိစ္စအတွက် ဇာနီယိုလိုနှင့် ရိုးမားအသင်းတာဝန်ရှိသူများ ဆွေးနွေးသွားမည်ဖြစ်သည်။ ဇာနီယိုလိုက ရိုးမား အသင်းကမ်းလှမ်းထားသော လစာငွေထက် ပိုမိုများပြားသည့်ပမာဏကို အလိုရှိနေကြောင်းလည်း သိရသည်။

Share: