နောက်ပွဲအတွက် အာရုံစိုက်ထားရန် အသင်းဖော်များကို လီဝန်ဒေါစကီး တိုက်တွန်း

ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်အသင်းအား ရှုံးနိမ့်ခြင်းကို မေ့ထားပြီး လာမည့်ပွဲစဉ်များအတွက် အာရုံစိုက်ထားရန် အသင်းဖော်များကို တိုက်တွန်းပြောကြားခဲ့သည်။ ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း (ဝ-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ အဆိုပါပွဲစဉ်တွင် ယခုရာသီ ဘာစီလိုနာအသင်းအတွက် (၉)ဂိုး သွင်းယူထားသည့် လီဝန်ဒေါစကီးသည် အပိုင်အခွင့်အရေးများကို အသုံးချနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ လီဝန်ဒေါစကီးက ''ကျွန်တော်တို့အတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲပါပဲ။ ဒါပေမဲ့ အခုအချိန်မှာတော့ နောက်လာမယ့်ပွဲအတွက် အာရုံစိုက်ထားသင့်ပါတယ်''ဟု ပြောကြားခဲ့သည်။ ဘာစီလိုနာအသင်းသည် စက်တင်ဘာ (၁၇) ရက်တွင် အယ်လ်ချီအသင်းကို အိမ်ကွင်း လက်ခံကစားရမည်ဖြစ်ပြီး ယင်းပွဲအတွက် အာရုံစိုက်ထားရန် လီဝန်ဒေါစကီးက အသင်းဖော်များကို တိုက်တွန်းခဲ့ခြင်းလည်းဖြစ်သည်။

Share: