ယနေ့ည ယှဉ်ပြိုင်ကစားမည့် လိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်
လက်စတာ နှင့် နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ) လက်စတာအသင်းက ဒီပွဲကိုမှ မနိုင်ရင်တော့ အခြေအနေအရမ်းဆိုးသွားပြီး ဘရန်ဒန်ရော်ဂျာလည်း အသင်းနဲ့ လမ်းခွဲရမယ့် အခြေအနေအထိ ရောက်သွားနိုင်တယ်။ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာ တိုက်စစ်က (၂)ဂိုးစီရခဲ့တာ အထင်ကြီးစရာပါ။ ဒါပေမဲ့ ခံစစ်က (၁၁)ဂိုးပေးလိုက်တယ်။ ဒီပွဲမှာတော့ လက်စတာကို နိုင်ပွဲနဲ့အတူ ပြန်မြင်ရလိမ့်မယ်လို့ ထင်ပါတယ်။ ဗယ်လက်ကာနို နှင့် အယ်လ်ချီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ) နိုင်ပွဲမရှိသေးတဲ့ အယ်လ်ချီရဲ့ကစားအားနဲ့တော့ အိမ်ရှင် ဗယ်လက်ကာနိုလိုအသင်းကို ယှဉ်ကစားနိုင်ဖို့ခက်နေဦးမှာ သေချာတယ်။ အယ်လ်ချီရဲ့အဝေးကွင်းခံစစ်ကစားနိုင်စွမ်းကလည်း လျော့ရဲလာနေသလိုတွေ့ရလို့ အိမ်ကွင်းမှာစိတ်ဓာတ်တက်ကြွနေနိုင်တဲ့ ဗယ်လက်ကာနိုကိုပဲရွေးထားမယ်။ ဂိုးလည်းများမယ်။ ဗီရိုနာ နှင့် အူဒီးနီးစ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ) အူဒီးနီးစ်က နောက်ဆုံး (၅)ပွဲဆက် အနိုင်ရထားပြီး အကောင်းဆုံးပုံစံကို ပြသထားတယ်။ ဒါပေမဲ့ ဗီရိုနာကွင်းမှာ သွားကစားတဲ့ နောက်ဆုံး (၃)ပွဲဆက် ဂိုးပေါက်ပျောက်ထားတယ်။ ဒီပွဲတော့ အူဒီးနီးစ် ရပ်တန့်သင့်ပါပြီ။ အိမ်ရှင်ကို ကြိုက်တယ်။

Share: