အန်ကွန်ကူနှင့် ပတ်သက်ပြီး ဂရေဟမ်ပေါ်တာ မှတ်ချက်မပေ
လိုက်ပ်ဇစ်အသင်းမှ ပြင်သစ်ကစားသမား အန်ကွန်ကူ၏အပြောင်းအရွှေ့ နှင့်ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက မည်သည့်မှတ်ချက်မျှ မပေးခဲ့ကြောင်း သိရသည်။ အန်ကွန်ကူသည် ချယ်လ်ဆီးအသင်းနှင့် ပြီးခဲ့သည့် သြဂုတ်လအတွင်း ဖရန့်ဖတ်မြို့၌ လျှို့ဝှက်ဆေးစစ်မှုပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ အသက် (၂၄) နှစ်ရှိပြီဖြစ်သည့် ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမား အန်ကွန်ကူသည် ဇွန်လအတွင်း လိုက်ပ်ဇစ်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိသက်တမ်းရှိသည့် (၂)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသော်လည်း စာချုပ်လျော်ကြေး ယူရိုသန်း ၆၀ (ပေါင် ၅၂.၈ သန်း) ပေးရမည့်အချက် ထည့်သွင်းထားသည်။ အန်ကွန်ကူသည် ပြီးခဲ့သည့်ရာသီတွင် ဘွန်ဒစ်လီဂါအကောင်းဆုံးကစားသမားဆု ရရှိထားသူဖြစ်သည်။

Share: