လန်ဒန်တွင် ဆက်ကစားရန်သာ ကွန်တေ ဆန္ဒရှိ
ချယ်လ်ဆီးအသင်း၏ ကွင်းလယ်ကစားသမား ကွန်တေသည် လာမည့်နွေရာသီတွင် လက်ရှိအသင်းနှင့် လမ်းခွဲရန် ဆန္ဒရှိနေသော်လည်း သတင်းများ ထွက်နေသကဲ့သို့ PSG အသင်းထံ ပြောင်းရွှေ့လိုခြင်းမရှိဘဲ လန်ဒန်တွင်သာ ဆက်ကစားလိုကြောင်း သိရသည်။ ပြင်သစ်ကစားသမား ကွန် တေ(၃၁ နှစ်)သည် လာမည့်နွေရာသီ၌ ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး ၎င်း၏ ကြံ့ခိုင်မှုအခြေအနေကြောင့် ချယ်လ်ဆီးအသင်းက သက်တမ်းတိုးရန် ချီတုံချတုံဖြစ်နေသည်။ ထို့ကြောင့် PSG အသင်းက ခေါ်ယူရန် ကမ်းလှမ်းမှုများပြုလုပ်ခဲ့သော်လည်း ၎င်းက ပြင်သစ်သို့ပြန်ရန် စိတ်မဝင်စားဘဲ လန်ဒန်တွင်သာ ဆက်ကစားသွားရန် ဆန္ဒရှိနေကြောင်း Footmercato သတင်းဌာနက ဖော်ပြခဲ့သည်။

Share: